Sep 5, 2012

ထားဝယ်စီမံကိန်းအတွက်ကလုံးထာရွာအနီးတွင်ရေကာတာဆောက်ရန် ဒေသခံများကိုပြောင်းရွှေ.ခိုင်း၊သမ္မတထံစာတင်မည်ဟုဒေသခံများပြော


ကိုမနော(EJG)

 ထားဝယ်စီမံကိန်းဧရိယာတွင်မပါဝင်သောကလုံးထာ ကျေးရွာ အနီးတွင်ရေကာတာစီမံကိန်း
တည်ဆောက်ပြီးဒေသခံများပြောင်းရွှေ. ရန်အတွက် အီတာလျံ-ထိုင်းကုမ္ပဏီ ITDကညှိနိုင်းမူ
များပြုလုပ်နေကြောင်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(DDA) တာဝန်ခံ ညှိနှိုင်းရေးမှူး ကိုသန့်ဇင်ကပြောကြားသည်။
“ထားဝယ်စီမံကိန်းအတွက်အစိုးရပေးတဲ့မြေထဲမှာကလုံးထာကျေးရွာမပါဘူး၊ဒါပေမယ့်အဲဒီနေရာက
ရေကာတာဆောက်ဖို.သင့်တော်တဲ့အတွက်ကုမ္မဏီကနေလုပ်နေတာ၊စီမံကိန်းကြောင့်ပြောင်းရ
မယ့်ကျေးရွာစာရင်းထဲမှာလည်းမပါဘူးပေါ့၊ကုမ္မဏီကလျော်ကြေးကိစ္စညှိနိုင်းပေမယ့်ရွာသားတွေ
ကမပြောင်းလိုကြဘူး”ဟုဌင်းကဆိုသည်။
ရေကာတာစီမံကိန်းပြုလုပ်ရန်အတွက်ကလုံးထာရွာအောက်ဘက်တစ်မိုင်အကွာတွင်ITDကလေ့လာမူ
ပြုလုပ်နေပြီးဒေသခံများကကန်.ကွက်နေခြင်းဖြစ်သည်။

ရေကာတာ တည်ဆောက်ရန် အတွက် ညှိနိုင်းခြင်းခံနေရသောကလုံးထာကျေးရွာမှာ
ထားဝယ်မြို.နှင့်၂၃မိုင်အကွာ၊ရေဖြူမြို.နှင့်၉မိုင်ခန်.အကွာတွင်ရှိပြီး
အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ကာလူဦးရေတစ်ထောင်ခန်.နေထိုင်ကြောင်းကလုံးထာ
ထားဝယ်စီးပွားရေးဇုန်တစ်နေရာကိုတွေ.ရစဉ်
ကျေးရွာ ဓမ္မရက္ခိတာ ကျောင်းတိုက် ဆရာတော် ဦးပညာဝံသ က မိန့်သည်။
ကလုံးထာ ကျေးရွာသည်ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းတွင်ပါဝင်ကာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုပြီး
ကျေးရွာတွင် စိုက်ပျိုးမြေဧက တသောင်းကျော် ရှိကြောင်းဒေသခံများက ပြောသည်။

 ဆရာတော် ဦးပညာဝံသ ၏မိန်.ကြားချက်အရ ဇူလိုင်လ ၁၄ ရက်နေ့တွင်ကလုံးထာရွာသို့ ITD ကုမ္ပဏီ စီမံချက်မန်နေဂျာရောက်ရှိလာပြီးပြောင်းရွှေ.ရန်အတွက်ညှိနိုင်းမူလုပ်ခဲ့သည်။
ဇူလိုင်၁၆ရက်နေ.တွင်ကျေးရွာသား၂၀၀ခန်.အားခေါ်ယူကာလျော်ကြေးငွေကိစ္စထပ်မံ
ညှိနိုင်းခဲ့သည်။

“ထားဝယ်ဇုန်မှာပါတဲ့မြေဧကဈေးထက်ပိုပေးမယ်လို.စည်းရုံးတယ်၊လော်ကျေးလည်းမလိုဘူး
ရွာသားတွေကလည်းမပြောင်းရွေ.လိုဘူးလို.ပြောခဲ့တယ”် ဟုဆရာတော်က
 မိန့်ကြား သည်။
ဌင်းကိစ္စနှင့်ပတ်သက်ပြီးကျေးရွာဒေသခံ၇၀၀ကျော်လက်မှတ်ရေးထိုးကာယခုလအတွင်း
နိုင်ငံတော်သမ္မတထံစာတင်ရန်ပြင်ဆင်နေကြောင်းဆရာတော်ကဆက်လက်မိန်.ကြားသည်။

အီတာလျံ-ထိုင်းကုမ္ပဏီ ITDက ကလုံးထာရွာ၏အရှေ့တောင်ဘက် သုံးမိုင်ခန့် အကွာရှိ
ဝါချောင်းဒေသသို.ပြောင်းရွှ.ရန်နှင့်လျော်ကြေးအပြင်ပေ၈၀x၁၀၀ရှိမြေကွက်ပေးမည်ဟုစည်းရုံးမူ
များပြုလုပ်နေကြောင်းဒေသခံတစ်ဦးကပြောသည်။

ကလုးံထာရွာသည် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏မိုင်၂၀ခန်.အကွာတွင်တည်ရှိပြီး
သဘာဝတောဖြင့်နီးကပ်နေသည့်အတွက်ဥယာဉ်၊ခြံမြေလုပ်ငန်းကိုအဓိကလုပ်ကိုင်နေသော်
လည်းထားဝယ်ဒေသခံစီးပွားရေးလုပ်ငန်းရှင်များကရေကာတာအကြောင်းပြကာမြေနေရာ
များကိုဝယ်ယူနေသည့်အတွက်သဘာပတ်ဝန်းကျင်ထိခိုက်မူများဖြစ်ပေါ်နေကြောင်း
DDAတာဝန်ခံကိုသန်.ဇင်ကပြောသည်။
“ဒီနေရာကပိန်းဥ၊ချဉ်ပေါင်ဘတ်စတဲ့သဘာဝအတိုင်းထွက်တဲ့အရာတွေပေါတယ်၊
မနှစ်ကဒေသခံတွေရောင်းကြတာသိန်း၇၀၀လောက်ရတယ်ပြောတယ်၊အခုသဘာ
ဝတောပါပျက်ဆီးတယ်၊လုပ်ငန်းရှင်တွေကနွေဆိုမီးရို.ပစ်ကြတယ်”ဌင်းကဆိုသည်။
ဌင်းလုပ်ငန်းရှင်များမှာရေကာတာစီမံကိန်းဆောက်လုပ်မည်ဆိုပါကလျော်ကြေးရရန်အတွက်
ကြိုတင်ဝယ်ယူခြင်းဖြစ်ပြီးကျေးရွာဒေသခံများကိုပါစည်းရုံးမူများပြုလုပ်နေကြောင်း
ကလုံးထာဒေသခံတစ်ဦးကပြောသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ၂ဝဝ၈ ခုနှစ်တွင် မြန်မာအစိုးရက ထိုင်းနိုင်ငံ Italian-Thai Development Public Co.,Ltd  နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ၂ဝ၁ဝ ပြည့်နှစ်တွင် ၇၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ဌင်းစီမံကိန်းမှာတနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီးတွင် တည်ရှိပြီး ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့်အကွာရှိ ရေဖြူမြို့နယ် နဘုလယ် ကျေးရွာအနီးတွင် ရှိသည်။

                                                                                              Komanaw/EJG

No comments:

Post a Comment