Jun 24, 2012

ပီလောပီနံစိုက်ခင်း၊ရွှေနှင့်ရေနံတူးဖော်ရေးကြောင့်ဟူးကောင်းကျားထိန်းသိမ်းနယ်မြေစိုးရိမ်စရာဖြစ်-မနောထွန်း

ဇူလိုင်၂၉ရက်တွင်ကျရောက်မည့်နိုင်ငံတကာကျားများဆိုင်ရာနေ.အတွက်ရေးသားခြင်းဖြစ်သည်။

မြန်မာအစိုးရသည်ကချင်ပြည်နယ်ရှိဟူးကောင်းချိုင့်ဝှမ်းဒေသ ကျားထိန်းသိမ်းရေးနယ်မြေတွင်ရွှေနှင့်ရေနံတူးဖော်ရေး၊ပီလောပီနံစိုက်ပျိုးရေးလုပ်ကိုင်ခွင့်ပေးထားသည့်အတွက်ကျားထိန်းသိမ်းရေးအတွက်စိုးရိမ်စရာဖြစ်လာကြောင်းကချင်လူမူဖွံဖြိုးရေးကွန်ရက်အဖွဲ.(KDNG)ကထုတ်ပြန်သည်။ ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်းသိမ်းရေး နယ်မြေကို မြန်မာအစိုးရမှ ၂၀၀၁ ခုနှစ်တွင် အမေရိကန်အခြေစိုက်တောရိုင်းတိရိစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့

(WildlifeConservationSociety)၏အကူအညီဖြင့် သတ်မှတ်လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေပြုလုပ်ရန် အတွက် ၂၁၈၉၀ စတုရန်းကီလိုမီတာ အကျယ်အ၀န်း (၈၄၅၂ စတုရန်းမိုင်) ရှိသောချိုင့်ဝှမ်းတခုလုံးပါဝင်စေရန်၂၀၀၄ခုနှစ်တွင် ထိုထိန်းသိမ်းရေး နယ်မြေကိုတိုးချဲ့သတ်မှတ်ခဲ့သည်။

၂၀၁၀နိုဝင်ဘာတွင်ပြုလုပ်ခဲ့သည့်ကမ္ဘာ့ကျားထိန်းသိမ်းရေးအစည်းအဝေးတွင်မြန်မာ ကိုယ်စားလှယ်များမှ နောင်  ၁၂ နှစ်အတွင်း ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ကျားကောင်ရေ မှုလထက် နှစ်ဆ တိုးမြင့်လာအောင်လုပ်ဆောင်သွားမည့် အကြောင်း ကတိပြုခဲ့ပြီး
ဟူးကောင်းတောင်ကြား ဒေသတွင် ကျားတိရစ္ဆာန် ဘေးမဲ့နယ်မြေကို ၄၂၄၈ စတုရန်းမိုင် ထပ်မံတိုးချဲ့ကြောင်း ကြေညာခဲ့သည်။

 

 “အခုကျားထိန်းသိမ်းရေးနယ်မြေသတ်မှတ်ထားတဲ့နေရာမှာ“အမဲမပစ်ရနယ်မြေ”ဆိုတဲ့ဆိုင်းဘုတ်ပဲကျန်တော့တယ်ဘာမှမရှိတောဘူ့း၊ဆိုင်းဘုတ်နေက်မှာဘာမှမရှိဘူးကွင်းပြင်နဲ.လမ်းဖောက်ထားတဲ့နေရာပဲရှိတယ်”ဟု၂၀၁၁ခုနှစ်အတွင်းယင်းဒေသသို.သွားရောက်ခဲ့သည့်ကချင်အမျိုးသမီးတစ်ဦးကပြောသည်။
မြန်မာအစိုးရမှ၂၀၀၆ခုနှစ်တွင်ရန်ကုန်အခြေစိုက်ယုဇနကုမ္ပဏီအားကျားထိန်းသိမ်းရေးနယ်မြေတွင်“စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးဇုန်”ကိုလုပ်ကိုင်ခွင့်ပြုခဲ့ပြီးဧက၂၀၀၀၀၀ရှိပီလောပီနံစိုက်ပျိုးရေးလုပ်ငန်းစီမံကိန်းကြီးပေါ်ပေါက်လာမူကြောင့်ထိန်းသိမ်းရေးနယ်မြေစတင်ပျက်ဆီးခဲ.ကြောင်း KDNG ကဆိုသည်။ စီမံကိန်းအတွက်ထွန်စက်၊ မြေတူးစက်၊ မြေညှိစက်၊ များဖြင့် သစ်တောအုပ်များ၊ ၀ါးရုံတောများဖြိုချခံခဲ့ရပြီးပြည်ပအလုပ်သမား၂ထောင်ကျော်၏နေ့စဉ်အလုပ်လုပ်ကိုင်ခြင်းနှင့်ဓာတုဗေဒ၊ဓါတ်မြေသြဇာများ၊မြက်သတ်ဆေးများ(အပင်သေဆေး)အသုံးပြုခြင်းများကြောင့်ဒေသတခုလုံးသည်ပီလောပီနံစိုက်ခင်းများ၊ကြံစိုက်ခင်းများ၊ကြက်ဆူစိုက်ခင်းများအဖြစ်အသွင်ပြောင်းနေကြောင်းKDNGကပြောသည်။
(KDNG)ရဲ့၂၀၀၆ခုနှစ် မှတ်တမ်းအရဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း အဓိက ရွှေတူးဖော်သည့် နေရာပေါင်း ၃၁ နေရာနှင့် ကျားထိန်း သိမ်းရေးနယ်မြေတ၀ှမ်းရှိလုပ်ဆောင်လျှက်ရှိသောသတ္ထူတူးဖော်ရေးလုပ်ငန်းပေါင်း၁၀၀ကျော်ရှိနေပြီးစွန့်ပစ်ပစ္စည်းများနှင့်အဆိပ်တောက်များကြောင့် တိရစ္ဆာန်များ၏ တည်ရှိနေ ထိုင်ရာနေရာနှင့် ရေလမ်းကြောင်းများကို ပျက်စီးနေသည်။

ဌင်းအပြင်ဟူးကောင်းချိုင့်ဝှမ်းတွင်မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ကော်ပိုရေးရှင်းသည် ထိန်းသိမ်းရေးနယ်မြေထဲတွင် လုပ်ကွက် A (Block A)ကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ရုရှားကုမ္ပဖြစ်သည့် (Nobel Oil)သည်လည်း ထိန်းသိမ်းရေးနယ်မြေ အတွင်း ရေနံတူးဖော်ရန် ၂၀၀၈ ခုနှစ်မှစ၍ စာချုပ်ချုပ်ဆိုခဲ့ကြောင်း KDNG ကဖော်ပြသည်။

ဒေသခံများရဲ.အဆိုအရကျားသားကို ရောင်းချရာတွင် တစ်ကီလိုလျှင် အမေရိကန် ဒေါ်လာ နှစ်ရာခန့် ရရှိပြီး  ကျားသားရေ၊ ကျားအရိုးနှင့် ကျားကိုယ်တွင်းအင်္ဂါများသည် အာရှရိုးရာ ဆေးဝါးများ ဖော်စပ်ရာတွင် အသုံးဝင်ကာ တရုတ်နိုင်ငံမှ အဓိက ဝယ်ယူနေသည့်အတွက်ကျားများကို ကာကွယ်စောင့်ရှောက်ရန် ခက်ခဲနေသည်။် ကမ္ဘာပေါ်တွင် ရှားပါး သစ်ပင်ပန်းပင်မျိုးစိတ်ပေါင်း ၁၃,၅ဝဝ ခန့် သတ်မှတ်ထားသည့် အနက် မျိုးစိတ်ပေါင်း ၇,ဝဝဝ ခန့်မှာ မြန်မာ့ ဟူးကောင်းတောင်ကြား ဒေသတွင်သာ ပေါက်ရောက်နေသည်။
အမေရိကန် အခြေစိုက် သဘာဝ တောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ  ဒါရိုက်တာ အလန် ရာဘီနိုဝစ်ဇ် (Alan Rabinowitz) သည် ၂ဝဝ၃ ခုနှစ်တွင် မြန်မာ့သစ်တောဌာန နှင့် ပူးပေါင်း၍ အနီအောက် ရောင်ခြည်သုံး ကင်မရာ များကိုယင်းနယ်မြေတွင်တပ်ဆင်ခဲ့ပြီး ဟူးကောင်းတောင်ကြား ဒေသတွင် ကျားကောင်ရေ ၁၅ဝ မှ ၂ဝဝ ခန့်သာ ကျန်ရှိတော့ကြောင်း ထိုသုတေသနကြောင့် သိခွင့်ရခဲ့ပြီး တကမ္ဘာလုံးတွင်မူ ကျားကောင်ရေ ၃ဝဝဝ အောက်သာ ကျန်ရှိတော့သည်ဟုဆိုသည်။
ဟူးကောင်းတောင်ကြားသည် ကချင်ပြည်နယ်အနောက်ဘက် အိန္ဒိယနယ်စပ်တွင်တည်ရှိကာ ကူမုံတောင်တန်း အရှေ့နှင့် ပတ်ကွိုင်တောင်တန်း အနောက်ဘက်အကြားတွင် တည်ရှိသည်။ ချင်းတွင်းမြစ်နှင့် ဗြဟ္မပုတ္တရမြစ်တို့၏ ရေဝေကုန်းတန်းလည်းဖြစ်သည်။၂၀၁၀အောက တိုဘ်ာလကထုတ်ပြန်ခဲ့သော WCS အစီရင်ခံစာအရ ဥပဒေမဲ့အမဲလိုက်မှုများကြောင့် ဤဒေသတွင် ကျားကောင်ရေမှာ ၅ဝ ခန့်အထိလျော့ကျသွားခဲို့သည်

မှတ်ချက်။  ။Venus News Weeklyတွင်ဖော်ပြခဲ့သောဆောင်းပါးဖြစ်သည်။

No comments:

Post a Comment