ကိုမနော(EJG)
ကချင်ပြည်နယ်ဟူးကောင်းဒေသတွင်သတ်မှတ်ထားသောကမ္ဘာကျားထိန်းသိမ်းရေးနယ်မြေမှာဆိုင်း
ကချင်ပြည်နယ်ဟူးကောင်းဒေသတွင်သတ်မှတ်ထားသောကမ္ဘာကျားထိန်းသိမ်းရေးနယ်မြေမှာဆိုင်း
ဘုတ်သာကျန်ရှိတော့ကြောင့်ဟူကောင်းဒေသခံများကရန်ကုန်မြို.တွင်ပြောကြားသည်။
“သစ်ခုတ်လမ်းဖောက်လို.ကုန်ပြီ၊အခုဆိုင်းဘုတ်ပဲကျန်တော့တယ်”
ဟုဟူးကောင်းဒေသတွင်ပါဝင်သောလဘန်ကောက်ကျေးရွာသူတစ်ဦးကVenus News Weekly သို.ပြောသည်။
ကချင်ပြည်နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ
ကျားထိန်းသိမ်းရေး နယ်မြေကို မြန်မာအစိုးရမှ ၂၀၀၁ ခုနှစ်တွင် အမေရိကန် အခြေစိုက် တောရိုင်းတိရိစ္ဆာန်များ
ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Wildlife Conservation Society)၏ အကူအညီဖြင့် သတ်မှတ်လုပ်ဆောင်ခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေပြုလုပ်ရန် အတွက် ၂၁၈၉၀ စတုရန်းကီလိုမီတာ အကျယ်အ၀န်း
(၈၄၅၂ စတုရန်းမိုင်) ရှိသော ချိုင့်ဝှမ်းတခုလုံးပါဝင်စေရန် ၂၀၀၄ခုနှစ်တွင် ထိုထိန်းသိမ်းရေး
နယ်မြေကို တိုးချဲ့သတ်မှတ်ခဲ့သည်။
![]() |
ဟူးကောင်းကျားကိုကင်မရာထောင်ချောက်မှတစ်ဆင့်တွေ.ရစဉ်(ဓါတ်ပုံ-WCS) |
သို.သော်လည်း၂၀၀၆ခုနှစ်မှစတင်ကာယုဇနကုမ္ပဏီကို ကျားထိန်းသိမ်းရေးနယ်မြေတွင်“ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်ရေးဇုန်”အဖြစ် ဧက ၂၀၀၀၀၀ ရှိ သောပီလောပီနံစိုက်ပျိုးရေးလုပ်ငန်းစီမံကိန်း ကို လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက်
ကျား ထိန်းသိမ်းရေးနယ်မြေပျက်ဆီးခဲ့ကြောင်း ဌင်းနယ်မြေ အတွင်း ကွင်း ဆင်း၍ သတင်းအချက်လက် ကောက်ယူနေသော ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် KDNG ကထုတ်ပြန်ခဲ့သည်။
(KDNG)ရဲ့၂၀၀၆ခုနှစ် မှတ်တမ်းအရဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း
အဓိက ရွှေတူးဖော်သည့် နေရာပေါင်း ၃၁ နေရာနှင့် ကျားထိန်း သိမ်းရေးနယ်မြေတ၀ှမ်းရှိလုပ်ဆောင်လျှက်ရှိသောသတ္ထူတူးဖော်ရေးလုပ်ငန်းပေါင်း၁၀၀ကျော်ရှိနေပြီး
စွန့်ပစ်ပစ္စည်းများနှင့်အဆိပ်တောက်များကြောင့်
တိရစ္ဆာန်များ၏ တည်ရှိနေ ထိုင်ရာနေရာနှင့် ရေလမ်းကြောင်းများကို ပျက်စီးနေသည်။
ဒေသခံများရဲ.အဆိုအရကျားသားကို ရောင်းချရာတွင် တစ်ကီလိုလျှင်
အမေရိကန် ဒေါ်လာ နှစ်ရာခန့် ရရှိပြီး ကျားသားရေ၊
ကျားအရိုးနှင့် ကျားကိုယ်တွင်းအင်္ဂါများသည် အာရှရိုးရာ ဆေးဝါးများ ဖော်စပ်ရာတွင် အသုံးဝင်ကာ
တရုတ်နိုင်ငံမှ အဓိက ဝယ်ယူနေသည့်အတွက်ကျားများကို ကာကွယ်စောင့်ရှောက်ရန် ခက်ခဲနေသည်။
် ကမ္ဘာပေါ်တွင် ရှားပါး သစ်ပင်ပန်းပင်မျိုးစိတ်ပေါင်း ၁၃,၅ဝဝ ခန့် သတ်မှတ်ထားသည့် အနက်
မျိုးစိတ်ပေါင်း ၇,ဝဝဝ ခန့်မှာ မြန်မာ့ ဟူးကောင်းတောင်ကြား ဒေသတွင်သာ ပေါက်ရောက်နေသည်။
အမေရိကန် အခြေစိုက် သဘာဝ တောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး
အဖွဲ့မှ ဒါရိုက်တာ အလန် ရာဘီနိုဝစ်ဇ် (Alan Rabinowitz) သည် ၂ဝဝ၃ ခုနှစ်တွင်
မြန်မာ့သစ်တောဌာန နှင့် ပူးပေါင်း၍ အနီအောက် ရောင်ခြည်သုံး ကင်မရာ များကိုယင်းနယ်မြေတွင်တပ်ဆင်ခဲ့ပြီး
ဟူးကောင်းတောင်ကြား ဒေသတွင် ကျားကောင်ရေ ၁၅ဝ မှ ၂ဝဝ ခန့်သာ ကျန်ရှိတော့ကြောင်း ထိုသုတေသနကြောင့်
သိခွင့်ရခဲ့ပြီး တကမ္ဘာလုံးတွင်မူ ကျားကောင်ရေ ၃ဝဝဝ အောက်သာ ကျန်ရှိတော့သည်ဟုဆိုသည်။
ဟူးကောင်းတောင်ကြားသည် ကချင်ပြည်နယ်အနောက်ဘက် အိန္ဒိယနယ်စပ်တွင်တည်ရှိကာ
ကူမုံတောင်တန်း အရှေ့နှင့် ပတ်ကွိုင်တောင်တန်း အနောက်ဘက်အကြားတွင် တည်ရှိသည်။ ချင်းတွင်းမြစ်နှင့်
ဗြဟ္မပုတ္တရမြစ်တို့၏ ရေဝေကုန်းတန်းလည်းဖြစ်သည်။၂၀၁၀အောက တိုဘ်ာလကထုတ်ပြန်ခဲ့သော WCS
အစီရင်ခံစာအရ ဥပဒေမဲ့အမဲလိုက်မှုများကြောင့် ဤဒေသတွင် ကျားကောင်ရေမှာ ၅ဝ ခန့်အထိလျော့ကျသွားခဲ့သည်။သို.သော်လည်း၂၀၁၂စာရင်းကိုမူWCSက
ထုတ်ပြန်ခြင်းမရှိပေ။
ယခုနှစ်ဆန်းမှစတင်ကာဟူးကောင်းဒသတွင်ရွှေတူးဖော်ခြင်းကိုအကြီးအကျယ်လုပ်ကိုင်နေပြီးပတ်ဝန်း
ကျင်ထိခိုက်မူဖြစ်ပေါ်နေကြာင်းဒေသခံများကပြောသည်။ဟူးကောင်းဒေသတွင်
ပီလောပီနံစိုက်ခင်းများကြောင်းကမ္ဘာကျားထိန်းနယ်မြေထိခိုက်ခဲ့ရပြီးလယ်ယာမြေများစွာသိမ်း
ပိုက်ခြင်းခံခဲ့ရသည်။
၂၀၀၆ခုနှစ်မှစတင်ကာလယ်ယာမြေအသိမ်းခံခဲ့ရသည့်ဟူးကောင်းဒေသအတွင်းရှိဝရာဇုပ်၊အောင်ရာ၊
စံပြ၊လဘန်ကောက်စသည့်ကျေးရွာဒေသခံ၂၀ခန်.သည်ယုဇနကုမ္မဏီတွင်နစ်နာမူများတောင်းဆိုရန်
ကချင်တိုင်းရင်းသူဒေါ်ဘောက်ဂျာဦးဆောင်မူဖြင့်ရန်ကုန်မြို.သို.ရောက်ရှိနေခြင်းဖြစ်သည်။
Komanaw/EJG
No comments:
Post a Comment