Jun 13, 2012

အညာဒေသကိုလည်းလျစ်လျူရူ၊ ဥပေက္ခာပြုထားလို.မရပါ သတင်းဆောင်းပါး-ဇွဲဝဏ္ဍ(ကျုံပျော်)


ဇာတိရပ်မြေကို စွန့်ခွာပြီး ရန် ကုန်တိုင်းဒေသကြီးအတွင်းက လှိုင် မြို့နယ်ရဲ့ လမ်းသွယ်တွေမှာ တွန်း လှည်းနောက်က ကြေးမောင်းလေး ကို တနောင်နောင်ထုကာ သစ်သီး စုံရောင်းနေတဲ့ ကိုခင်ဝင်းက
          “ ဘာဖြစ်မှန်း မသိပါဘူးဗျာ၊ ကျွန်တော်တို့ဘက်က မြေတွေက ဒက်ပေါက်နေတဲ့ ကိုရင်လေးခေါင်း လိုပဲ”လို့ ပြောပါတယ်။
          အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကိုခင်ဝင်းက မကွေးတိုင်းဒေသကြီး ထဲကနတ်မောက်မြို့နယ်သား တစ် ယောက်ပါ။ တစ်ချိန်က တောင်ယာ လုပ်ငန်းနဲ့ အသက်မွေးဝမ်းသူပါ။ သီးနှံစိုက်ရတာ အဆင်မပြေတော့ တဲ့ အမွေရမြေနှစ်ဧကကို ဖက် တွယ်မနေတော့ဘဲရန်ကုန်တက်ပြီး စီးပွားရှာတာ ၃ နှစ်ရှိပါပြီတဲ့။
          ကျဲလိုက်တဲ့ မျိုးစေ့တွေက အ ပင်ပေါက်တဲ့ နေရာပေါက်၊ မပေါက် တဲ့ နေရာ မပေါက်နဲ့ ပေါက်လာ တဲ့ အပင်ကြပြန်တော့လည်း ၁၅ ရက်၊ ရက် ၂၀ သားမှာ ဟိုတစ် ကွက်၊ ဒီတစ်ကွက် ညိုးရော်လာ တယ်လို့ ကိုခင်မင်းကပြောပါ တယ်။ သူက “မှတ်မှတ်ရရ ၂၀၀၆ လောက်မှာ သတိထားမိတာဗျ”ဟု တွေတွေဆဆဖြင့် ပြောပါတယ်။


          ကိုခင်မင်းဟာ အပူပိုင်းဒေသ မှာ သဲက န္တာရ အသွင်ကူးပြောင်း တော့မယ့်  လက္ခဏာတွေကြောင့် သီးနှံစိုက်မရတော့လို့ ဒေသပြောင်း စီးပွားရှာလူတွေထဲက တစ်ယောက် ပါ။ ကိုခင်ဝင်းပြောတဲ့ အခြေအနေ တွေကို ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေတဲ့ မြန်မာပြည်မြဲ စွမ်း အင်အသင်းရဲ့ အတွင်းရေးမှူး ဦး အောင်မြင့်က “အဲ့ဒါ သဲကန္တာရ အသွင်ကို ကူးပြောင်းနေတာ”ဟု ပြောပါတယ်။
       
   မြန်မာနိုင်ငံမှာ အညာဒေသ ရယ်လို့ လူသိများပြီး အပူပိုင်းဇုန် ရယ်လို့ သတ်မှတ်ခြင်းခံရတဲ့ မကွေး၊ မန္တ လေးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ၃ တိုင်းမှာ သမရိုးကျ စိုက်ပျိုးမြေအဆင့်ကနေ သဲကန္တာရ အသွင်ကူးပြောင်းတော့မယ့် လက္ခဏာတွေကို နိုင်ငံတော်က ၁၉၉၅ ခုနှစ်ကတည်းက သတိပြုမိကြတာ လို့ ဦးအောင်မြင့်က ပြောပါတယ်။
          “အခုပိုဆိုးလာတယ်။ အထူး သဖြင့် မကွေးနဲမန္တလေးတိုင်း (ဒေ သကြီး)တွေမှာ ပိုဖြစ်တယ်။ ရာခိုင် နှုန်းအားဖြင့်တော့ အစိုးရက ထုတ် ပြန်တာဘဲ အတည်ဖြစ်မှာ”” ဟု ဦးအောင်မြင့်က ပြောပြပါတယ်။
          သဲကန္တာရဖြစ်ထွန်းမှုဟာ သေး  ငယ်တဲ့ ပြဿနာ မဟုတ်ကြောင်း ၊၁၉၈၀ ပြည့်လွန်နှစ်တွေက ဖြစ်ပွား ခဲ့တဲ့ က မ္ဘာ့လူဦးရေ သုံးသန်းရဲ့ ငတ်မွတ်သေဆုံးမှု ဖြစ်စဉ်အပါအ ၀င် စားဝတ်နေရေးအတွက် မြေကို အမှီပြုနေရတဲ့ လူဦးရေ ၁၃၅ သန်း မှာ မြေဟက်တာ ၆ မီလျံ ဆုံးရှုံး ခဲ့ရသလို ဒေါ်လာငွေ၄၂ ဘီလျံကျ ဆင်းခဲ့တဲ့ ဖြစ်စဉ်တွေက သက်သေ ပြနေတယ်လို့ ဦးကျော်ညွန့် (သစ် တောဦးစီးအရာရှိ- ငြိမ်း) က ထောက်ပြပါတယ်။
          အပူပိုင်းဇုန်ရယ်လို့ သတ်မှတ် ခြင်းခံရတဲ့ တိုင်းဒေသကြီး ၃ တိုင်း မှာ မြို့နယ်ပေါင်း ၅၄ မြို့နယ် ရှိပြီး ဦးအောင်မြင့်ရဲ့ အဆိုအရ သဲကန္တာ ရ အသွင်ကူးပြောင်းတော့မယ့် လက္ခဏာတွေ ပိုဆိုးလာတယ်ဆို သော်လည်း တိကျတဲ့ ဖြစ်စဉ်အမှန် မြေယာဆုံးရှုံးမှု အရေအတွက် လူ ထု စီးပွားရေး ကျဆင်းမှု အခြေအ နေ၊ ဆင်းရဲငတ်မွတ်မှုပမာဏတို့ကို စစ်တမ်းကောက်ယူခြင်းမရှိခဲ့သလို ထုတ်ပြန်ကြေညာခြင်းလည်း မရှိ ဘူးလို့ ဦးအောင်မြင့်ကပြောသည်။
           သဲကန္တာရဖြစ်ထွန်းခြင်းဟာ မိုးခေါင်ရေရှားခြင်းကိုလည်း ဖြစ် ပေါ်စေတာမို့ လက်ရှိ အညာဒေသ မှာ ယခင်ကထက် မိုးခေါင်ရေရှား ဆက်တိုက်ဖြစ်ပွားလာကြောင်း Action Aid Myanmarရဲ့ မူဝါဒ ပူးပေါင်း ညှိနှိုင်းရေးမှူး ဦးဆွေ ဆက် က ပြောပါတယ်။
          “အညာဒေသမှာ အခုဆက် တိုက်ကြုံလာပြီး ရေရှားလာတယ်။ အစားအစာ ရှားလာမယ်၊ ကျန်း မာရေး ပြဿနာတွေ ဆက်တိုက် ဖြစ်လာလိမ့်မယ်”ဟု ဦးဆွေဆက် က ပြောပါတယ်။
          သမရိုးကျ စိုက်ပျိုးမြေအဆင့် ကနေ သဲကန္တာရ အသွင်ကူးပြောင်း မယ့်လက္ခဏာတွေ ဖြစ်ပေးရခြင်းက တောခြုံနဲ့ စိုက်ပျိုးပင်တွေကို အ ပြောင်သုတ်သက်ခြင်း၊ သစ်တော ပြုန်းတီးခြင်းနဲ့ ပူးပြင်းခြောက်သွေ့ ခြင်းတွေ အပေါ် မူတည်နေတယ်”လို့ ဦးအောင်မြင့်က ပြောပါတယ်။
           သူက“ အခုအညာဒေသမှာ ဒု က္ခပေးနေတာ ဆေးရွက်ကြီး ထုတ် လုပ်မှုပဲ၊ သစ်ပင်တွေကို မျောတိုင် အရွယ်ထဲကခုတ်ပြီး ပေါင်းခံရ တယ်။ နိုင်ငံတော်ကလည်းလိုင်စင် ပေးထားတယ်”ဟု ဆိုပါသည်။
          မြေယာ အပြောင်ရှင်းစနစ်တွေ ထဲမှာတောမီးလောင်တာ၊ စိုက်ခင်း မီးရှို့တာတွေလည်း ပါပါတယ်။ မြေဆီလွှာဟာ မြက်ပင်တွေလို အပင်ငယ်တွေရဲ့ အမြစ်နဲ့ သက်ရှိ ဇီဝမိုက်ခရိုမျိုးစိတ်တို့ အပြန်အလှန် အကျိုးပြုရင်းက မြေဆီလွှာဖြစ်ပေါ် လာတာမို့ မြေအပေါ်ထံ မီးလောင် ခြင်းဟာ မြေဆီလွှာအတွင်းက အကျိုးပြုဇီဝမျိုးစိတ်တွေ သေကျေ ပျက်စီးကာ မြေအတန်းအစားကျ ဆင်းသွားစေပါတယ်လို့ Orgainic Training Sysyem လုပ်ငန်းရဲ့ စီမံ ကိန်းမန်နေဂျာ ဒေါ်နုနုရီကပြောပါ တယ်။
“ဒါပေမယ့် တောင်သူတွေအနေ နဲ့ သီးနှံစိုက်ရာသီ နီးကပ်လာပြီဆို ရင် မြေယာသီးနှံစိုက်ရင် အပင်သန် တယ်လို့ယုံကြည်ကြတယ်။အဘိုး၊ အဘွားတွေ လက်ထက်ထဲက လုပ် ကြတာဗျဟု ကိုခင်ဝင်းက ပြောပါ တယ်။
          သမရိုးကျ စိုက်ပျိုးမြေအဆင့် ကနေ သဲကန္တာရအသွင်ကူးပြောင်း တော့မယ် လက္ခဏာတွေကို ကြည့် ရင် တောခြုံတွေနေရာမှ အပင်တွေ လျော့နည်းလာမယ်။ အပင်တွေ ခြောက်လာမယ်၊ မြေသလင်းကွက် တွေဖြစ်လာမယ်၊ ရှိတဲ့အပင်တွေ ကို တိရိစ္ဆာန်စားကျက်ချမယ်၊ ရှိတဲ့ တောကိုဝိုင်းပြီး သုတ်သင်လိုက် တော့ မြေသားမှာ အကာအကွယ်မဲ့ ဖြစ်ရတော့တယ်လို့ ဒေါ်နုနုရီက ပြောပါတယ်။
          အကာကွယ်မဲ့ မြေပေါ်ကို ရွာ ချလိုက်တဲ့ မိုးရေက မြေထုရဲ့ ပေါ် ဆုံးမှာ အပါးလွှာဆုံး တည်ရှိနေ တဲ့ မြေဆီလွှာကို တိုက်စားသွား မယ်၊ မြေဆီလွှာကို ရေတိုက်စား ခံရတာနဲ့အမျှ မြေကြမ်းတွေ၊ သဲ တွေ ပေါ်လာမယ်။ ပြင်းထန်လွန်း တဲ့ အပူချိန်ကလည်း အကာအ ကွယ်မဲ့တဲ့မြေကို ပိုမိုခြောက်သွေ့စေ ပြီး သဲမြေဧရိယာကို ကျယ်ပျံ့စေ တယ်လို့ဒေါ်နုနုရီက ပြောပါတယ်။
          လက်ရှိ အညာဒေသမှာ သဲက န္တာရအသွင် ကူးပြောင်းတော့မယ့်လက္ခဏာတွေက ကုန်းမြေဆန်တဲ့ ဆင်ခြေလျှောနေရာတွေမှာ ပိုသိ သာတယ်လို့ ကိုခင်ဝင်းက ပြောပါ တယ်။
          တချို့မြေယာဆိုရင် အရည်အ သွေးကျဆင်းလာလို့ သီးနှံပင်တွေ က ကြုံလှီလာတယ်။ သီးနှံအ ထွက်နှစ်ဆတိုပြီး အလွန်အကျွံ အသုံးပြုတဲ့ စနစ်နဲ့ ဖြေရှင်းနေကြ တယ်လို့ မကွေးတိုင်းဒေသကြီး ထဲ မှာ အခြေစိုက်တှဲ့Substainable Enecitonment Group မှ အဖွဲ့ ၀င်တစ်ဦးဖြစ်သူ ကိုမျိုးမြင့်ဦးက  ၁၅-၈-၂၀၁၁ ကပြောပါတယ်။
           တချို့နေရာတွေမှာဆိုရင် သူ့ အလိုလိုပေါက်တဲ့ ခြုံတောတွေ၊ မြက်တွေ မရှိတော့လို့ အိမ်မွေးတိ ရစ္ဆာန်ဖြစ်တဲ့ ဆိတ်တွေ၊ နွားတွေ ကို အုန်းလက်အနုတွေ၊ အုန်းနီ နှောက်တွေ၊ ကျူရိုးတွေကို နုတ် နုတ်စင်းပြီး ရေစိမ်ထားတဲ့ မြက် ခြောက်တွေ၊ ကောက်ရိုးတွေနဲ့ သမ ပြီး ကျွေးနေရတယ်လို့ ကိုခင်ဝင်း က ပြောပါတယ်။
          “ဒါပေမယ့်ဗျာ ဆိတ်တွေ၊နွား တွေက ပိန်လိန်နေတာပါပဲ လို့ ကိုခင်ဝင်းက ပြောပါတယ်။
           နိုင်ငံတော်အနေနဲ့ အပူပိုင်းဇုန် သဲကန္တာရ အသွင်ကူးပြောင်းမယ့် လက္ခဏာတွေကို ၁၉၉၅ ခုနှစ်မှာ အတည်ပြုနိုင်ခဲ့ပြီး ကုလသမဂ္ဂသဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၇ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှာ ပါဝင်ခဲ့ပါ တယ်။ အပူပိုင်းဇုန် သဲကန္တာရဖြစ် ထွန်းမှုကို တိုက်ဖျက်ရေး လုပ်ငန်း စဉ်တစ်ရပ်အဖြစ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနကို ၁၉၉၇ ခုနှစ် ဇူလိုင်လ အတွင်းမှာ ဖွဲ့စည်းခဲ့တယ်လို့ ဦးကျော်ညွန့်က ပြောပါတယ်။
          သဲကန္တာရဖြစ်ထွန်းမှုဟာ သစ် တော သစ်ပင်အပြောင်ရှင်းစနစ် ကပြည်ရေးအတွက် သစ်တောစိုက် ခင်း ဧကပေါင်း သုံးသိန်းစိုက်ပျိုးခဲ့ ကြတယ်လို့ ဦးကျော်ညွန့်က ပြော ပါတယ်။
           ဦးအောင်မြင့်က “အညာဒေ သမှာ သစ်တောရယ်လို့ မယ်မယ် ရရ မရှိတော့ဘူး၊ ရှိနေတာတွေက လည်း တောခြုံတွေဟု မှတ်ချက် ချပြောဆိုပါတယ်။
          အပူပိုင်းဇုန်ရယ်လို့ သတ်မှတ် ခံရတဲ့ အညာဒေသရဲ့ လက်ရှိအခြေ အနေတွေကို အလေးထားပြီး အချိန်မှီ မကုစားရင်၊ ဒါမှမဟုတ် လျစ်လျှူရူ ဥပေက္ခာပြုထားမယ်ဆို ရင် ဒေသခံတွေနေရပ်ကို စွန့်ခွာရ တော့မယ့် အခြေအနေတွေ ဖြစ်ပေါ် လာလိမ့်မယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။
          ပြည်ပ နိုင်ငံတချို့ရဲ့ သကန္တာ ရ ဖြစ်ထွန်းမှုဟာ အပူချိန် ၄၂ ဒီဂ ရီ အထက်မိုးရေချိန်တစ်နှစ်ပျမ်းမျှ ၂၅၀ မီလီမီတာအောက်လျှော့နည်း တဲ့ ဒေသတွေမှာ ဖြစ်ပွားတက်တာ မို့ ပြည်တွင်းမှာ အပူပိုင်းဇုန်ရယ်လို့ သတ်မှတ်ထားတဲ့ အညာဒေသ ဟာ ထိုအပူချိန်ကို မရောက်သေး ပေမယ့် တစ်နှစ်ထက်တစ်နှစ် အပူ ချိန်ဟာ သိသိသာသာမြင့်တက် လာပြီလို့ ဦးဆွေဆက်က ပြောပါ တယ်။
          ရန်ကုန်တိုင်းဒေသကြီး အ တွင်းက ရွှေပြည်သာမြို့နယ်၊ အင်း စိန်မြို့နယ်၊ လှိုင်မြို့နယ်၊ လှိုင်သာ ယာမြို့နယ်တွေထဲက ရပ်ကွက်တ ချို့ရဲ့ အုပ်ချုပ်ရေးမှူးရုံး ဧည့်စာ ရင်း များမှာ အခြားဒေသ တွေထက် အညာဒေသခံတွေက ပို များတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ပြောပြပါတယ်။
          လှိုင်မြို့နယ်မှာ သစ်သီးရောင်း နေတဲ့ ကိုခင်ဝင်းက ““ကျွန်တော်တို့ မိသားစု ထမင်းစားရဖို့ အလုပ် အကိုင်အတွက်ရန်ကုန်ကပိုကောင်း ပါတယ်””လို့ ပြောပါတယ်။
          ကိုခင်ဝင်းအနေနဲ့ တော်ရာမှာ နေနေ ရပေမယ့် အညာကသူ့လယ် တွေကိုတော့ တအောက်မေ့မေ့ ဖြစ် နေတုန်းဟု အခုလိုပြောပါတယ်။ဒါပေမယ့်ဗျာ အပင်စိုက်ရတာ မအောင်မြင်တော့လို့ ပစ်ထားလိုက် ရတာ အမွေရတဲ့ မြေနှစ်ဧကမို့ မမေ့နိုင်ပါဘူး
                                                                                                           ဇွဲဝဏ္ဍ(ကျုံပျော်)

မှတ်ချက်။        ။VenusNewsWeeklyတွင်ဖော်ပြရန်ရေးသားခဲ့သောဆောင်းပါးဖြစ်ပါသည်။
သို.သော်လည်းစာပေစီစစ်ရေးမှခွင့်ပြုခြင်းမရှိသည်.အတွက်EJG Websiteတွင်ပထမဆုံးဖော်ပြခြင်းဖြစ်သည်။သတင်းရေးသားသူသာမူပိုင်ဖြစ်သည်။

No comments:

Post a Comment