Jun 17, 2012

လေးမြို့မြစ် ရေအား လျှပ်စစ် စီမံကိန်းစတင်ဟုဆို(ကိုမနောရေးသည်)


မီဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မည့် လေးမြို့မြစ် ရေအား လျှပ်စစ် စီမံကိန်းကို စတင် တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်းရခိုင်သတင်းဌာနဖြစ်သည့်နိရဉ္စရာကထုတ်ပြန်သည်။
လေးမြို့မြစ်လျှပ်စစ် စီမံကိန်းသည်မြန်မာနိုင်ငံ အနောက်ဘက် ဒေသတွင် အကြီးဆုံးဖြစ်ပြီး တရုတ် အစိုးရနှင့် ဖက်စပ် လုပ်ကိုင် တည်ဆောက်သွားမည် ဖြစ်သည်။
လေးမြို့မြစ်အား ရေကာတာ တည်ဆောက်ပါက မြစ်အောက်ပိုင်းတွင် မြစ်ကြောင်း တိမ်ကောပြီး သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးကာ လုပ်ကိုင် စားသောက်မရ ဖြစ်မည်ကို ဒေသခံများ အထူး စိုးရိမ်နေကြသည်။
မြောက်ဦး ဒေသခံ တစ်ဦးက  “ အခု တည်ဆောက်မယ့် နေရာက လေးမြို့မြစ် မြစ်ညှာပိုင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဗွေချေ ကျေးရွာ အနီးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားကြည့်တော့ အဲဒီနေရာက မြစ်လယ်မှာ တရုတ် အင်ဂျင်နီယာတွေနဲ့ မြန်မာ အင်ဂျင်နီယာတွေက မိုင်တိုင်တွေ စိုက်နေတာကို တွေ့ရတယ်။ ပြီးရင် အလုပ်သမားတွေ နေထိုင်ဖို့ တန်းလျားတွေ ဆောက်ဖို့ မြေညှိနေတာတွေကို တွေ့ခဲ့ရပါတယ်” ဟုပြောသည်။
မြောက်ဦးမြို့မှ ၁၆ ဦးပါ အဖွဲ့တစ်ဖွဲ့သည် လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း တည်ရှိရာ ခဗွေချေ ကျေးရွာသို့ များမကြာမှီက လေ့လာခရီးသွားရောက်ခဲ့သည်။
လေးမြို့မြစ် စီမံကိန်းကို စတင်ပါက စီမံကိန်း အပေါ်ပိုင်း နှင့် အောက်ပိုင်းရှိ ကျေးရွာပေါင်း ၁၀၀ ခန့်ကို ထိခိုက်နိုင်ပြီး အများစု ကျေးရွာများမှာ ပြောင်းရွှေ့ရနိုင်ဖွယ် ရှိနေသည်။
လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ရောက်ရှိလာသောစက်ကရိယာများကို မြောက်ဦးသို့ တင်ပို့ပြီး မြောက်ဦးမှ တဆင့် စက်လှေငယ်များဖြင့် အဆိုပါ ဒေသသို့ တင်ပို့ကြသည်ဟု ဒေသခံ အင်ဂျင်နီယာ တစ်ဦးကနိရဉ္စရာသို. ပြောခဲ့သည်။
ရခိုင်ပြည်နယ် ၊မြောက်ဦးမြို. ရှိဒေသခံတစ်ဦးကလည်း ရခိုင်ပြည်၌ မြစ်ကြီး လေးသွယ်ရှိပြီး အဉ္စနနဒီ (ခ) လေးမြို.မြစ်အား ပိတ်ဆို.ပြီး ရေအား လျှပ်စစ် စီမံကိန်း ပြုလုပ်နေကြောင်း။် ၄င်းလေးမြို့ မြစ်ရေဖြင့် သုံးစွဲ ချက်ပြုတ်ကြရပြီး ၊ ၄င်းမြစ် ပတ်ဝန်းကျင်တွင်လည်း လယ်မြေ ၊ ယာမြေ၊ ကိုင်း အစရှိသည်တို့ကို ပြုလုပ်ပြီး အသက်မွေး ၀မ်းကျောင်းမှုကို လုပ်ကိုင်ကာ စားသောက်နေရကြောင်း၊ အခုအချိန်တွင် နိုင်ငံတော်မှ လေးမြို့ မြစ် ရေအား လျှပ်စစ်စီမံကိန်းကို မြစ်၏ အထက်ပိုင်းတွင် စက်ကြီးများဖြင့် တူးဆွခြင်း၊ အလုပ်လုပ်ခြင်းများကြောင့် မြစ်ရေများ ညစ်ညမ်းခြင်း ၊ သုံးစွဲမရခြင်း ၊ မြစ်ထဲမှာရှိတဲ့ ငါးများ မြစ်ရေ ညစ်ညမ်းမှုဖြင့် အလိုအလျောက် သေခြင်း များဖြစ်ပေါ်နေကြေင်း၊် မြစ်ကမ်းနဘေးမှ ရွာများမှာလေးမြို.မြစ်ရေကို သုံးစွဲမိကြသဖြင်. ကျန်းမာရေးးထိခိုက် နေကြေင်း၊ မြစ်ရေကို အမှီပြကာ လုပ်ကိုင် စားသောက်လျှက်ရှိနေကြသော ရွာပေါင်း ၁၀၀ ခန်.ရှိနေကြောင်း၊ စသည့်အချက်များကြောင့်ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖေါ်နေမှုအား ရပ်တန်.ပေးပါရန် သမ္မတ ဦးသိန်းစိန် အားမေတ္တာရပ်ခံ တောင်းဆိုမူပြုထားသည်။

မှတ်ချက်။  ။Venus News Weeklyတွင်ဖော်ပြခဲ့သောသတင်းဖြစ်သည်။ 


No comments:

Post a Comment