Sep 5, 2012

ထားဝယ်စီမံကိန်းအတွက်ကလုံးထာရွာအနီးတွင်ရေကာတာဆောက်ရန် ဒေသခံများကိုပြောင်းရွှေ.ခိုင်း၊သမ္မတထံစာတင်မည်ဟုဒေသခံများပြော


ကိုမနော(EJG)

 ထားဝယ်စီမံကိန်းဧရိယာတွင်မပါဝင်သောကလုံးထာ ကျေးရွာ အနီးတွင်ရေကာတာစီမံကိန်း
တည်ဆောက်ပြီးဒေသခံများပြောင်းရွှေ. ရန်အတွက် အီတာလျံ-ထိုင်းကုမ္ပဏီ ITDကညှိနိုင်းမူ
များပြုလုပ်နေကြောင်း ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(DDA) တာဝန်ခံ ညှိနှိုင်းရေးမှူး ကိုသန့်ဇင်ကပြောကြားသည်။
“ထားဝယ်စီမံကိန်းအတွက်အစိုးရပေးတဲ့မြေထဲမှာကလုံးထာကျေးရွာမပါဘူး၊ဒါပေမယ့်အဲဒီနေရာက
ရေကာတာဆောက်ဖို.သင့်တော်တဲ့အတွက်ကုမ္မဏီကနေလုပ်နေတာ၊စီမံကိန်းကြောင့်ပြောင်းရ
မယ့်ကျေးရွာစာရင်းထဲမှာလည်းမပါဘူးပေါ့၊ကုမ္မဏီကလျော်ကြေးကိစ္စညှိနိုင်းပေမယ့်ရွာသားတွေ
ကမပြောင်းလိုကြဘူး”ဟုဌင်းကဆိုသည်။
ရေကာတာစီမံကိန်းပြုလုပ်ရန်အတွက်ကလုံးထာရွာအောက်ဘက်တစ်မိုင်အကွာတွင်ITDကလေ့လာမူ
ပြုလုပ်နေပြီးဒေသခံများကကန်.ကွက်နေခြင်းဖြစ်သည်။

ရေကာတာ တည်ဆောက်ရန် အတွက် ညှိနိုင်းခြင်းခံနေရသောကလုံးထာကျေးရွာမှာ
ထားဝယ်မြို.နှင့်၂၃မိုင်အကွာ၊ရေဖြူမြို.နှင့်၉မိုင်ခန်.အကွာတွင်ရှိပြီး
အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ကာလူဦးရေတစ်ထောင်ခန်.နေထိုင်ကြောင်းကလုံးထာ
ထားဝယ်စီးပွားရေးဇုန်တစ်နေရာကိုတွေ.ရစဉ်
ကျေးရွာ ဓမ္မရက္ခိတာ ကျောင်းတိုက် ဆရာတော် ဦးပညာဝံသ က မိန့်သည်။
ကလုံးထာ ကျေးရွာသည်ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းတွင်ပါဝင်ကာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုပြီး
ကျေးရွာတွင် စိုက်ပျိုးမြေဧက တသောင်းကျော် ရှိကြောင်းဒေသခံများက ပြောသည်။

ကျားထိန်းနယ်မြေဆိုင်းဘုတ်သာကျန်


 ကိုမနော(EJG)

ကချင်ပြည်နယ်ဟူးကောင်းဒေသတွင်သတ်မှတ်ထားသောကမ္ဘာကျားထိန်းသိမ်းရေးနယ်မြေမှာဆိုင်း
ဘုတ်သာကျန်ရှိတော့ကြောင့်ဟူကောင်းဒေသခံများကရန်ကုန်မြို.တွင်ပြောကြားသည်။
“သစ်ခုတ်လမ်းဖောက်လို.ကုန်ပြီ၊အခုဆိုင်းဘုတ်ပဲကျန်တော့တယ်” ဟုဟူးကောင်းဒေသတွင်ပါဝင်သောလဘန်ကောက်ကျေးရွာသူတစ်ဦးကVenus News Weekly သို.ပြောသည်။
ကချင်ပြည်နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ ကျားထိန်းသိမ်းရေး နယ်မြေကို မြန်မာအစိုးရမှ ၂၀၀၁ ခုနှစ်တွင် အမေရိကန် အခြေစိုက် တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Wildlife Conservation Society)၏ အကူအညီဖြင့် သတ်မှတ်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေပြုလုပ်ရန် အတွက် ၂၁၈၉၀ စတုရန်းကီလိုမီတာ အကျယ်အ၀န်း (၈၄၅၂ စတုရန်းမိုင်) ရှိသော ချိုင့်ဝှမ်းတခုလုံးပါဝင်စေရန် ၂၀၀၄ခုနှစ်တွင် ထိုထိန်းသိမ်းရေး နယ်မြေကို တိုးချဲ့သတ်မှတ်ခဲ့သည်။
http://www.newswise.com/images/uploads/2008/09/09/fullsize/Myan_Tiger_HKV__3_WCS.jpg
ဟူးကောင်းကျားကိုကင်မရာထောင်ချောက်မှတစ်ဆင့်တွေ.ရစဉ်(ဓါတ်ပုံ-WCS)