Venus News Weekly vol-3,no-49မှာပါတဲ့အင်တာဗျုးပါ။
ပုံအကြီးချဲ.လိုသူများဖတ်ရန်ဒီမှာနှိပ်ပါ
Jun 27, 2012
Jun 24, 2012
ပီလောပီနံစိုက်ခင်း၊ရွှေနှင့်ရေနံတူးဖော်ရေးကြောင့်ဟူးကောင်းကျားထိန်းသိမ်းနယ်မြေစိုးရိမ်စရာဖြစ်-မနောထွန်း
ဇူလိုင်၂၉ရက်တွင်ကျရောက်မည့်နိုင်ငံတကာကျားများဆိုင်ရာနေ.အတွက်ရေးသားခြင်းဖြစ်သည်။
(WildlifeConservationSociety)၏အကူအညီဖြင့်
သတ်မှတ်လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေပြုလုပ်ရန် အတွက် ၂၁၈၉၀
စတုရန်းကီလိုမီတာ အကျယ်အ၀န်း (၈၄၅၂ စတုရန်းမိုင်) ရှိသောချိုင့်ဝှမ်းတခုလုံးပါဝင်စေရန်၂၀၀၄ခုနှစ်တွင်
ထိုထိန်းသိမ်းရေး နယ်မြေကိုတိုးချဲ့သတ်မှတ်ခဲ့သည်။
မြန်မာအစိုးရသည်ကချင်ပြည်နယ်ရှိဟူးကောင်းချိုင့်ဝှမ်းဒေသ ကျားထိန်းသိမ်းရေးနယ်မြေတွင်ရွှေနှင့်ရေနံတူးဖော်ရေး၊ပီလောပီနံစိုက်ပျိုးရေးလုပ်ကိုင်ခွင့်ပေးထားသည့်အတွက်ကျားထိန်းသိမ်းရေးအတွက်စိုးရိမ်စရာဖြစ်လာကြောင်းကချင်လူမူဖွံဖြိုးရေးကွန်ရက်အဖွဲ.(KDNG)ကထုတ်ပြန်သည်။ ဟူးကောင်းချိုင့်ဝှမ်း ကျားထိန်းသိမ်းရေး နယ်မြေကို မြန်မာအစိုးရမှ ၂၀၀၁ ခုနှစ်တွင် အမေရိကန်အခြေစိုက်တောရိုင်းတိရိစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
(WildlifeConservationSociety)၏အကူအညီဖြင့်
သတ်မှတ်လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေပြုလုပ်ရန် အတွက် ၂၁၈၉၀
စတုရန်းကီလိုမီတာ အကျယ်အ၀န်း (၈၄၅၂ စတုရန်းမိုင်) ရှိသောချိုင့်ဝှမ်းတခုလုံးပါဝင်စေရန်၂၀၀၄ခုနှစ်တွင်
ထိုထိန်းသိမ်းရေး နယ်မြေကိုတိုးချဲ့သတ်မှတ်ခဲ့သည်။
၂၀၁၀နိုဝင်ဘာတွင်ပြုလုပ်ခဲ့သည့်ကမ္ဘာ့ကျားထိန်းသိမ်းရေးအစည်းအဝေးတွင်မြန်မာ ကိုယ်စားလှယ်များမှ
နောင် ၁၂ နှစ်အတွင်း ဟူးကောင်းချိုင့်ဝှမ်းဒေသတွင်
ကျားကောင်ရေ မှုလထက် နှစ်ဆ တိုးမြင့်လာအောင်လုပ်ဆောင်သွားမည့် အကြောင်း ကတိပြုခဲ့ပြီး ဟူးကောင်းတောင်ကြား ဒေသတွင်
ကျားတိရစ္ဆာန် ဘေးမဲ့နယ်မြေကို ၄၂၄၈ စတုရန်းမိုင် ထပ်မံတိုးချဲ့ကြောင်း ကြေညာခဲ့သည်။
Jun 17, 2012
လေးမြို့မြစ် ရေအား လျှပ်စစ် စီမံကိန်းစတင်ဟုဆို(ကိုမနောရေးသည်)
မီဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မည့် လေးမြို့မြစ် ရေအား လျှပ်စစ် စီမံကိန်းကို စတင် တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်းရခိုင်သတင်းဌာနဖြစ်သည့်နိရဉ္စရာကထုတ်ပြန်သည်။
လေးမြို့မြစ်လျှပ်စစ် စီမံကိန်းသည်မြန်မာနိုင်ငံ အနောက်ဘက် ဒေသတွင် အကြီးဆုံးဖြစ်ပြီး တရုတ် အစိုးရနှင့် ဖက်စပ် လုပ်ကိုင် တည်ဆောက်သွားမည် ဖြစ်သည်။
လေးမြို့မြစ်အား ရေကာတာ တည်ဆောက်ပါက မြစ်အောက်ပိုင်းတွင် မြစ်ကြောင်း တိမ်ကောပြီး သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးကာ လုပ်ကိုင် စားသောက်မရ ဖြစ်မည်ကို ဒေသခံများ အထူး စိုးရိမ်နေကြသည်။

မြောက်ဦး ဒေသခံ တစ်ဦးက “ အခု တည်ဆောက်မယ့် နေရာက လေးမြို့မြစ် မြစ်ညှာပိုင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဗွေချေ ကျေးရွာ အနီးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားကြည့်တော့ အဲဒီနေရာက မြစ်လယ်မှာ တရုတ် အင်ဂျင်နီယာတွေနဲ့ မြန်မာ အင်ဂျင်နီယာတွေက မိုင်တိုင်တွေ စိုက်နေတာကို တွေ့ရတယ်။ ပြီးရင် အလုပ်သမားတွေ နေထိုင်ဖို့ တန်းလျားတွေ ဆောက်ဖို့ မြေညှိနေတာတွေကို တွေ့ခဲ့ရပါတယ်” ဟုပြောသည်။
မြောက်ဦးမြို့မှ ၁၆ ဦးပါ အဖွဲ့တစ်ဖွဲ့သည် လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း တည်ရှိရာ ခဗွေချေ ကျေးရွာသို့ များမကြာမှီက လေ့လာခရီးသွားရောက်ခဲ့သည်။
လေးမြို့မြစ် စီမံကိန်းကို စတင်ပါက စီမံကိန်း အပေါ်ပိုင်း နှင့် အောက်ပိုင်းရှိ ကျေးရွာပေါင်း ၁၀၀ ခန့်ကို ထိခိုက်နိုင်ပြီး အများစု ကျေးရွာများမှာ ပြောင်းရွှေ့ရနိုင်ဖွယ် ရှိနေသည်။
လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ရောက်ရှိလာသောစက်ကရိယာများကို မြောက်ဦးသို့ တင်ပို့ပြီး မြောက်ဦးမှ တဆင့် စက်လှေငယ်များဖြင့် အဆိုပါ ဒေသသို့ တင်ပို့ကြသည်ဟု ဒေသခံ အင်ဂျင်နီယာ တစ်ဦးကနိရဉ္စရာသို. ပြောခဲ့သည်။
ရခိုင်ပြည်နယ် ၊မြောက်ဦးမြို. ရှိဒေသခံတစ်ဦးကလည်း ရခိုင်ပြည်၌ မြစ်ကြီး လေးသွယ်ရှိပြီး အဉ္စနနဒီ (ခ) လေးမြို.မြစ်အား ပိတ်ဆို.ပြီး ရေအား လျှပ်စစ် စီမံကိန်း ပြုလုပ်နေကြောင်း။် ၄င်းလေးမြို့ မြစ်ရေဖြင့် သုံးစွဲ ချက်ပြုတ်ကြရပြီး ၊ ၄င်းမြစ် ပတ်ဝန်းကျင်တွင်လည်း လယ်မြေ ၊ ယာမြေ၊ ကိုင်း အစရှိသည်တို့ကို ပြုလုပ်ပြီး အသက်မွေး ၀မ်းကျောင်းမှုကို လုပ်ကိုင်ကာ စားသောက်နေရကြောင်း၊ အခုအချိန်တွင် နိုင်ငံတော်မှ လေးမြို့ မြစ် ရေအား လျှပ်စစ်စီမံကိန်းကို မြစ်၏ အထက်ပိုင်းတွင် စက်ကြီးများဖြင့် တူးဆွခြင်း၊ အလုပ်လုပ်ခြင်းများကြောင့် မြစ်ရေများ ညစ်ညမ်းခြင်း ၊ သုံးစွဲမရခြင်း ၊ မြစ်ထဲမှာရှိတဲ့ ငါးများ မြစ်ရေ ညစ်ညမ်းမှုဖြင့် အလိုအလျောက် သေခြင်း များဖြစ်ပေါ်နေကြေင်း၊် မြစ်ကမ်းနဘေးမှ ရွာများမှာလေးမြို.မြစ်ရေကို သုံးစွဲမိကြသဖြင်. ကျန်းမာရေးးထိခိုက် နေကြေင်း၊ မြစ်ရေကို အမှီပြကာ လုပ်ကိုင် စားသောက်လျှက်ရှိနေကြသော ရွာပေါင်း ၁၀၀ ခန်.ရှိနေကြောင်း၊ စသည့်အချက်များကြောင့်ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖေါ်နေမှုအား ရပ်တန်.ပေးပါရန် သမ္မတ ဦးသိန်းစိန် အားမေတ္တာရပ်ခံ တောင်းဆိုမူပြုထားသည်။
မှတ်ချက်။ ။Venus News Weeklyတွင်ဖော်ပြခဲ့သောသတင်းဖြစ်သည်။
Jun 14, 2012
Jun 13, 2012
အညာဒေသကိုလည်းလျစ်လျူရူ၊ ဥပေက္ခာပြုထားလို.မရပါ သတင်းဆောင်းပါး-ဇွဲဝဏ္ဍ(ကျုံပျော်)
ဇာတိရပ်မြေကို
စွန့်ခွာပြီး ရန် ကုန်တိုင်းဒေသကြီးအတွင်းက လှိုင် မြို့နယ်ရဲ့ လမ်းသွယ်တွေမှာ တွန်း
လှည်းနောက်က ကြေးမောင်းလေး ကို တနောင်နောင်ထုကာ သစ်သီး စုံရောင်းနေတဲ့ ကိုခင်ဝင်းက
“ ဘာဖြစ်မှန်း မသိပါဘူးဗျာ၊ ကျွန်တော်တို့ဘက်က
မြေတွေက ဒက်ပေါက်နေတဲ့ ကိုရင်လေးခေါင်း လိုပဲ”လို့ ပြောပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကိုခင်ဝင်းက မကွေးတိုင်းဒေသကြီး
ထဲကနတ်မောက်မြို့နယ်သား တစ် ယောက်ပါ။ တစ်ချိန်က တောင်ယာ လုပ်ငန်းနဲ့ အသက်မွေးဝမ်းသူပါ။
သီးနှံစိုက်ရတာ အဆင်မပြေတော့ တဲ့ အမွေရမြေနှစ်ဧကကို ဖက် တွယ်မနေတော့ဘဲရန်ကုန်တက်ပြီး
စီးပွားရှာတာ ၃ နှစ်ရှိပါပြီတဲ့။
ကျဲလိုက်တဲ့ မျိုးစေ့တွေက အ ပင်ပေါက်တဲ့
နေရာပေါက်၊ မပေါက် တဲ့ နေရာ မပေါက်နဲ့ ပေါက်လာ တဲ့ အပင်ကြပြန်တော့လည်း ၁၅ ရက်၊ ရက်
၂၀ သားမှာ ဟိုတစ် ကွက်၊ ဒီတစ်ကွက် ညိုးရော်လာ တယ်လို့ ကိုခင်မင်းကပြောပါ တယ်။ သူက “မှတ်မှတ်ရရ
၂၀၀၆ လောက်မှာ သတိထားမိတာဗျ”ဟု တွေတွေဆဆဖြင့် ပြောပါတယ်။
ကိုခင်မင်းဟာ အပူပိုင်းဒေသ မှာ သဲက န္တာရ
အသွင်ကူးပြောင်း တော့မယ့် လက္ခဏာတွေကြောင့်
သီးနှံစိုက်မရတော့လို့ ဒေသပြောင်း စီးပွားရှာလူတွေထဲက တစ်ယောက် ပါ။ ကိုခင်ဝင်းပြောတဲ့
အခြေအနေ တွေကို ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေတဲ့ မြန်မာပြည်မြဲ စွမ်း အင်အသင်းရဲ့
အတွင်းရေးမှူး ဦး အောင်မြင့်က “အဲ့ဒါ သဲကန္တာရ အသွင်ကို ကူးပြောင်းနေတာ”ဟု ပြောပါတယ်။
Subscribe to:
Posts (Atom)