ကိုမနော(EJG)
ထားဝယ်စီမံကိန်းဧရိယာတွင်မပါဝင်သောကလုံးထာ
ကျေးရွာ အနီးတွင်ရေကာတာစီမံကိန်း
တည်ဆောက်ပြီးဒေသခံများပြောင်းရွှေ. ရန်အတွက် အီတာလျံ-ထိုင်းကုမ္ပဏီ ITDကညှိနိုင်းမူ
များပြုလုပ်နေကြောင်း
ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(DDA) တာဝန်ခံ ညှိနှိုင်းရေးမှူး ကိုသန့်ဇင်ကပြောကြားသည်။
“ထားဝယ်စီမံကိန်းအတွက်အစိုးရပေးတဲ့မြေထဲမှာကလုံးထာကျေးရွာမပါဘူး၊ဒါပေမယ့်အဲဒီနေရာက
ရေကာတာဆောက်ဖို.သင့်တော်တဲ့အတွက်ကုမ္မဏီကနေလုပ်နေတာ၊စီမံကိန်းကြောင့်ပြောင်းရ
မယ့်ကျေးရွာစာရင်းထဲမှာလည်းမပါဘူးပေါ့၊ကုမ္မဏီကလျော်ကြေးကိစ္စညှိနိုင်းပေမယ့်ရွာသားတွေ
ကမပြောင်းလိုကြဘူး”ဟုဌင်းကဆိုသည်။
ရေကာတာစီမံကိန်းပြုလုပ်ရန်အတွက်ကလုံးထာရွာအောက်ဘက်တစ်မိုင်အကွာတွင်ITDကလေ့လာမူ
ပြုလုပ်နေပြီးဒေသခံများကကန်.ကွက်နေခြင်းဖြစ်သည်။
ရေကာတာ တည်ဆောက်ရန် အတွက် ညှိနိုင်းခြင်းခံနေရသောကလုံးထာကျေးရွာမှာ
ထားဝယ်မြို.နှင့်၂၃မိုင်အကွာ၊ရေဖြူမြို.နှင့်၉မိုင်ခန်.အကွာတွင်ရှိပြီး
အိမ်ထောင်စု ၁၈ဝ ကျော်ရှိ ကာလူဦးရေတစ်ထောင်ခန်.နေထိုင်ကြောင်းကလုံးထာ
![]() |
ထားဝယ်စီးပွားရေးဇုန်တစ်နေရာကိုတွေ.ရစဉ် |
ကျေးရွာ ဓမ္မရက္ခိတာ ကျောင်းတိုက် ဆရာတော် ဦးပညာဝံသ က မိန့်သည်။
ကလုံးထာ ကျေးရွာသည်ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းတွင်ပါဝင်ကာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုပြီး
ကျေးရွာတွင် စိုက်ပျိုးမြေဧက တသောင်းကျော် ရှိကြောင်းဒေသခံများက ပြောသည်။
ကလုံးထာ ကျေးရွာသည်ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းတွင်ပါဝင်ကာ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုပြီး
ကျေးရွာတွင် စိုက်ပျိုးမြေဧက တသောင်းကျော် ရှိကြောင်းဒေသခံများက ပြောသည်။